ရှင်မာကုခရစ်ဝင် 15:43
အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
42ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊
44ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။
Read all of ရှင်မာကုခရစ်ဝင် 15
Cross References
Matthew 20:16ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည်ဟု မိန့်တော်မူ၏။
Mark 10:23ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ် လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။
Mark 14:66ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊
Luke 2:38သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
John 19:38ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။
Acts 13:50ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။