ရှင်မာကုခရစ်ဝင် 6:48
လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံး ချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ ရှောက်သွားမည် ပြု တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
47ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှ တယောက် တည်း ရှိနေတော်မူ၏။
Cross References
Genesis 32:26ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။
1 Samuel 11:11နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
Psalms 93:4ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့် သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။
Isaiah 54:11အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊
Luke 12:38နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။
John 1:13ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။