ရှင်မာကုခရစ်ဝင် 7:10
မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 20:12သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
Leviticus 20:9မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
Deuteronomy 27:16မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Proverbs 30:17အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
Mark 10:19သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ် နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊