ရှင်မာကုခရစ်ဝင် 9:10
တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 16:22ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊
Luke 2:50သူတို့သည် ထိုစကားကိုနားမလည်ကြ။
Luke 24:7လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊
John 2:19ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။
John 12:33ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
John 16:29တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ၏။