ရှင်မာကုခရစ်ဝင် 9:12
ကိုယ်တော်က၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 69:1အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။
Isaiah 40:3တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြ လော့။
Isaiah 50:6ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
Isaiah 53:1ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။
Zechariah 11:13ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။
Malachi 4:6ငါသည် လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။