ရှင်မာကုခရစ်ဝင် 9:25
ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အ သောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့် တော်မူသဖြင့်၊
1835 Judson Burmese Bible
In The King James Version
In Context
26နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။
Cross References
Isaiah 35:5ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။
Matthew 9:32ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
Matthew 17:18ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။
Mark 5:7အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
Luke 4:35ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
Luke 8:29လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ်၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။