ရှင်မာကုခရစ်ဝင် 9:44
ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
1835 Judson Burmese Bible
In The King James Version
Where their worm dieth not, and the fire is not quenched.
In Context
43သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။
45သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။
Cross References
Isaiah 33:14အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။
Matthew 3:12လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော၏။
Matthew 25:46ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။
Mark 9:48ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။
Revelation 14:10ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
Revelation 20:15အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။