The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 1 › ရှင်မဿဲခရစ်ဝင် 1:19

ရှင်မဿဲခရစ်ဝင် 1:19

သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။

1835 Judson Burmese Bible

In The King James Version

Then Joseph her husband, being a just man, and not willing to make her a publick example, was minded to put her away privily.

In Context

18ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။

20ထိုသို့ ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။

Read all of ရှင်မဿဲခရစ်ဝင် 1

Cross References

Genesis 38:24ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါး က၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍ မီးရှို့စေဟု စီရင်လေ၏။

Leviticus 20:10သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။

Deuteronomy 24:1တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။

Mark 6:20သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမူအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။

Luke 2:25ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊

Acts 10:22ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 1:19

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်မဿဲခရစ်ဝင် 1:18ရှင်မဿဲခရစ်ဝင် 1ရှင်မဿဲခရစ်ဝင် 1:20 →