ရှင်မဿဲခရစ်ဝင် 12:10
လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
9ထိုအရပ်မှ ကြွ၍ တရားစရပ်သို့ ဝင်တော်မူ၏။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ်၍၊
Cross References
Isaiah 32:6အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက် လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။
Isaiah 59:13ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။
Matthew 12:2ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊
Matthew 22:17သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
Luke 11:54ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။
Luke 14:3ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊