ရှင်မဿဲခရစ်ဝင် 12:34
အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 24:13ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
Psalms 52:2သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။
Psalms 64:3ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏။
Psalms 120:2အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
Isaiah 32:6အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက် လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။
Isaiah 59:14ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။