ရှင်မဿဲခရစ်ဝင် 13:54
ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့်၊ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
53ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။
Cross References
Psalms 40:9ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ် မှာ အကျွန်ုပ် ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော် မူ၏။
Matthew 4:23ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Mark 6:1ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။
John 1:11သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
Acts 4:13ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊
Acts 28:17သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။