ရှင်မဿဲခရစ်ဝင် 15:28
အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
29ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော် မူ၏။
Cross References
Job 13:15ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
Psalms 145:19ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
Matthew 8:10ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
Matthew 9:22ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
Matthew 14:31ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ၏။
Mark 7:29ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ၏။