ရှင်မဿဲခရစ်ဝင် 15:4
ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
5သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
Cross References
Exodus 20:12သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
Leviticus 19:3လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Deuteronomy 5:16သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနား တော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ မိဘကို ရိုသေစွာပြုလော့။
Deuteronomy 27:16မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
Proverbs 23:22သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
Isaiah 8:20တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။