ရှင်မဿဲခရစ်ဝင် 15:6
ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
Cross References
Psalms 119:139ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။
Hosea 4:6ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့်၊ သင်၏ သားသမီးတို့ကို ငါ့မေ့လျော့မည်။
Mark 7:13မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
1 Timothy 5:3မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။
1 Timothy 5:16ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။