ရှင်မဿဲခရစ်ဝင် 15:9
နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
But in vain they do worship me, teaching for doctrines the commandments of men.
In Context
8လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
10ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။
Cross References
Exodus 20:7သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
Leviticus 26:20သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။
1 Samuel 25:21ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။
Psalms 73:13အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
Ecclesiastes 5:2သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
Isaiah 29:13ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။