ရှင်မဿဲခရစ်ဝင် 16:18
ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 18:4ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။
Psalms 9:13အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်း အမှုကိုကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ် တော်မူပါ။
Psalms 107:18စားစရာမျိုးကို ရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။
Psalms 127:5မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။
Isaiah 28:6တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဉာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူ လိမ့်မည်။
Isaiah 38:10ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။