ရှင်မဿဲခရစ်ဝင် 17:27
ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 1:28အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
Psalms 8:8ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။
Jonah 2:10ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့် တော်ကို ခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။
John 6:61ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။
Romans 15:1သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။
1 Corinthians 8:13သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။