ရှင်မဿဲခရစ်ဝင် 18:4
ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
3ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။
5အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။
Cross References
Isaiah 57:15အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
Matthew 20:26အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
Mark 10:43သင်တိုမူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည်။
Luke 14:11ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။
1 Peter 5:5ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကိုနားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။