ရှင်မဿဲခရစ်ဝင် 19:11
ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
1835 Judson Burmese Bible
In The King James Version
But he said unto them, All men cannot receive this saying, save they to whom it is given.
In Context
10တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
Cross References
Matthew 13:11ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊
1 Corinthians 7:7လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။
1 Corinthians 7:35ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။