ရှင်မဿဲခရစ်ဝင် 19:20
ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။
1835 Judson Burmese Bible
In The King James Version
The young man saith unto him, All these things have I kept from my youth up: what lack I yet?
In Context
19မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
Cross References
Mark 10:20အရင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
Luke 15:29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏ အစေကိုခံပါပြီ။ အဘ၏အလိုကို တခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး။
Luke 18:21အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။
Romans 3:19ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
Galatians 3:24ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။