ရှင်မဿဲခရစ်ဝင် 19:26
ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 18:14ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။
1 Kings 17:16ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
Psalms 3:8ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော။
Jeremiah 32:17အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ။
Zechariah 8:6တဖန် မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဘွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
Luke 1:37ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊