ရှင်မဿဲခရစ်ဝင် 19:9
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
10တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
Cross References
Genesis 20:3ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
Jeremiah 3:1ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။
Ezekiel 16:8တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သော အခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
Ezekiel 16:29ထိုမှတပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင်။
Mark 10:11ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ၏။ ထို သူသည် မိမိမယားကို ပြစ်မှား၏။
Romans 7:2ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင် လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။