ရှင်မဿဲခရစ်ဝင် 20:21
ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲ တော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 3:5ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
Psalms 45:9အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ်၍၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
Jeremiah 45:5သင်သည် ကြီးစွာသော အရာတို့ကို ကိုယ်အဘို့ ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည် ခပ်သိမ်းသော သတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာအရပ်တို့၌၊ သင်၏ အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Matthew 19:28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
Mark 6:22ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သော စိတ် ကိုဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။
Mark 10:51ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊