ရှင်မဿဲခရစ်ဝင် 21:11
လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
And the multitude said, This is Jesus the prophet of Nazareth of Galilee.
In Context
10ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊
Cross References
Matthew 2:23ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။
Mark 6:15လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ် သည်ဟု ဆိုကြ၏။
Luke 7:39ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
Luke 24:19ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။
John 1:25ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
John 4:19ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။