ရှင်မဿဲခရစ်ဝင် 21:28
သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
29သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။
Cross References
Matthew 17:25ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သ နည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊
Matthew 20:5တဖန် နှစ်ချက်တီးအချိန်၊ တဖန် သုံးချက်တီးအချိန်၌ ထွက်၌ရှေ့နည်းအတူပြုလေ၏။
Matthew 22:17သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
Luke 13:4ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်း တို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
1 Corinthians 10:15သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။