ရှင်မဿဲခရစ်ဝင် 22:10
လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
9လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊
Cross References
Matthew 13:38လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ်၏။
Matthew 22:11မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊
Matthew 25:10ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
2 Corinthians 12:21အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။
Revelation 2:14သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ ၌ရှိကြသည်ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာရှိ၏။
Revelation 5:9ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။