ရှင်မဿဲခရစ်ဝင် 23:27
လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 19:16သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေ အရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ထိလျှင်၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
Luke 11:44သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။