ရှင်မဿဲခရစ်ဝင် 23:7
ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ် သက်ကြ၏။
1835 Judson Burmese Bible
In The King James Version
And greetings in the markets, and to be called of men, Rabbi, Rabbi.
In Context
6ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊
Cross References
Mark 9:5ထိုအခါ ပေတရုက အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ ၏။
John 1:38ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
John 3:2ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊
John 6:25အိုင်တဘက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။