ရှင်မဿဲခရစ်ဝင် 24:39
ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
40ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရ လတံ့။
Cross References
Judges 20:34ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
Proverbs 24:12ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
Isaiah 42:25ထို့ကြောင့်၊ ပြင်းစွာသော အမျက်တော်ထွက် ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သူတို့ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း၊ သူတို့သည် မသိကြ။ မီးလောင်သော် လည်း၊ သတိမထားဘဲ နေကြ၏။
Matthew 13:13ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။
Luke 19:44သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
Acts 13:41အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။