ရှင်မဿဲခရစ်ဝင် 25:10
ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 14:28သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။
Amos 8:12လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။
Matthew 25:6သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊
Luke 12:36သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။
Colossians 1:12အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။
Hebrews 3:18သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း။