ရှင်မဿဲခရစ်ဝင် 26:2
နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
1ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊
Cross References
Exodus 12:11အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
Matthew 17:22ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
Matthew 26:24ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။
Mark 14:1ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။
Luke 22:15ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။
John 2:13ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။