ရှင်မဿဲခရစ်ဝင် 26:39
ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 17:3အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
Numbers 16:22သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
1 Chronicles 21:16ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
Matthew 20:22ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊
Matthew 26:42တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။
Mark 14:35ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍ အိုအဘခမည်းတော်၊