ရှင်မဿဲခရစ်ဝင် 26:45
ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။
1835 Judson Burmese Bible
In The King James Version
In Context
44သူတို့ကိုထားခဲ့၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
46ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
Cross References
Ecclesiastes 11:9အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
Matthew 26:14ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား၍၊
Mark 14:41သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန် ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။
John 12:27ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
John 17:1ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။