ရှင်မဿဲခရစ်ဝင် 26:70
ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။
1835 Judson Burmese Bible
In The King James Version
But he denied before them all, saying, I know not what thou sayest.
In Context
Cross References
Psalms 119:115ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။
Proverbs 29:23မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
Isaiah 57:11သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
Matthew 26:34ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊
Matthew 26:51ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့်၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။
Matthew 26:58ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်း သို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။