ရှင်မဿဲခရစ်ဝင် 27:1
နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင်၍၊
1835 Judson Burmese Bible
In The King James Version
In Context
2ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
Cross References
Judges 16:2ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။
Psalms 2:2လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
Micah 2:1ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
Matthew 26:3ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊
Luke 22:66မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
John 18:28နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။