ရှင်မဿဲခရစ်ဝင် 27:24
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
25ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။
Cross References
Job 9:30ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
Jeremiah 2:27သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှု ရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ၏။
Matthew 26:5သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။
Matthew 27:9ပရောဖက်ယေရမိဟောသည်ကား၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊
Matthew 27:54ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။
John 19:4ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။