The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 28 › ရှင်မဿဲခရစ်ဝင် 28:6

ရှင်မဿဲခရစ်ဝင် 28:6

ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့။

1835 Judson Burmese Bible

In The King James Version

He is not here: for he is risen, as he said. Come, see the place where the Lord lay.

In Context

5ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ၏။

7အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။

Read all of ရှင်မဿဲခရစ်ဝင် 28

Cross References

Matthew 12:40ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။

Matthew 17:9တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။

Matthew 20:19လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။

Matthew 27:63ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။

Mark 16:6ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။

Luke 24:12သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 28:6

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်မဿဲခရစ်ဝင် 28:5ရှင်မဿဲခရစ်ဝင် 28ရှင်မဿဲခရစ်ဝင် 28:7 →