ရှင်မဿဲခရစ်ဝင် 28:7
အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
6ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့။
Cross References
Isaiah 44:8မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည်မဟုတ်လော။ သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ ငါမှတပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတပါး အခြားသော မူလအမြစ်မရှိ။ တစုံတဦးကိုမျှ ငါမသိ။
Matthew 24:25ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။
Matthew 28:10ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်း ငှါ ဤသိတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏။
Mark 14:28သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
Mark 16:10မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။
Luke 24:9သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ၏။