ရှင်မဿဲခရစ်ဝင် 5:20
ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 7:21သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
Matthew 23:2ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။
Mark 10:15ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
Luke 11:39သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။
Luke 12:1ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။
Luke 18:10လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။