ရှင်မဿဲခရစ်ဝင် 5:7
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။
1835 Judson Burmese Bible
In The King James Version
Blessed are the merciful: for they shall obtain mercy.
In Context
8စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
Cross References
2 Samuel 22:26သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
Psalms 18:25သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
Psalms 41:1ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။
Psalms 112:9သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
Proverbs 14:21မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
Isaiah 57:1ဖြောင့်မတ်သော သူသည် ဆုံး၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။