ရှင်မဿဲခရစ်ဝင် 5:8
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
1835 Judson Burmese Bible
In The King James Version
Blessed are the pure in heart: for they shall see God.
In Context
7သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။
Cross References
Genesis 32:30ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။
Job 19:26ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။
Psalms 18:26သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။
Psalms 51:6ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။
Psalms 73:1အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
Ezekiel 36:25သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။