ရှင်မဿဲခရစ်ဝင် 6:26
မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
27အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
Cross References
Genesis 6:21ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
Job 38:41ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
Psalms 104:27ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ၏။
Psalms 147:9မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
Matthew 7:9သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊
Luke 12:6စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။