ရှင်မဿဲခရစ်ဝင် 8:3
ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 1:3ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
2 Kings 5:14နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
Matthew 11:4ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။
Mark 4:39ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
Mark 7:34ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက် ကား၊ ပွင့်စေဟု ဆိုလိုသတည်း။
Luke 5:13ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက်၊ လက်ထောက်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏။