ရှင်မဿဲခရစ်ဝင် 9:25
ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။
1835 Judson Burmese Bible
In The King James Version
But when the people were put forth, he went in, and took her by the hand, and the maid arose.
In Context
24ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။
26ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။
Cross References
2 Kings 4:32ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
Mark 5:41သူငယ်၏လက်ကို ကိုင်တော်မူလျှက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။
Mark 9:27ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။
Acts 9:40ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။