မိက္ခာအနာဂတ္တိကျမ်း 2:1
ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Deuteronomy 28:32သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။
Esther 3:8တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင်၍၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူး တော်မရှိပါ။
Esther 9:25ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊
Psalms 7:14ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ ၏။ မကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဘွားမြင်တတ်၏။
Psalms 36:5အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
Psalms 140:1အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။