မိက္ခာအနာဂတ္တိကျမ်း 3:1
ငါဆိုသည်ကား၊ အိုယာကုပ်အမျိုးမင်း၊ ဣသ ရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
2သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
Read all of မိက္ခာအနာဂတ္တိကျမ်း 3
Cross References
Deuteronomy 1:13ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
2 Chronicles 19:5ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊
Psalms 14:4မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော။
Isaiah 1:10သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
Jeremiah 5:4ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။
Jeremiah 13:15သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။