မိက္ခာအနာဂတ္တိကျမ်း 4:2
များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Psalms 25:8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
Psalms 110:2ထာဝရဘုရားသည် အရှင်၏ အာဏာတော် လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။
Isaiah 42:1ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
Isaiah 54:13သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။
Jeremiah 50:4ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
Zechariah 2:11ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ် ၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည်။