မိက္ခာအနာဂတ္တိကျမ်း 4:7
ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Isaiah 6:13ထိုပြည်၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
Isaiah 10:21ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။
Isaiah 24:23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။
Isaiah 60:22သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည်။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။
Ezekiel 43:7အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
Daniel 7:27ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။