မိက္ခာအနာဂတ္တိကျမ်း 5:3
သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 5
Cross References
2 Chronicles 30:7ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
Isaiah 10:20ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
Isaiah 49:6သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
Jeremiah 23:5ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
Jeremiah 31:7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
Hosea 2:9သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။