မိက္ခာအနာဂတ္တိကျမ်း 6:5
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 6
Cross References
Numbers 22:41နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။
Numbers 23:27တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြား သော အရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက်၊
Numbers 25:2ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။
Numbers 31:16ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
Deuteronomy 8:2သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။
Deuteronomy 9:7သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။